မိုင်းဆတ်မြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ






MNP - မေ   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ် အောက်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ညနေပိုင်းက အောင်ဇေယျဘက်စုံ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အသက်(၂၅)နှစ်အောက်အမျိုးသားပိုက်ကျော်ခြင်း နောက်ထိန်းအကောင်းဆုံးဆုအား မြို့သစ်အသင်းမှ အောင်ခေတ်မိုး၊ ပင့်ထောင်အကောင်းဆုံးဆုအား 5-Star အသင်းမှ ရှိုင်းအောင်နှင့် ရိုက်ခုတ်အကောင်းဆုံးဆုအား မြို့သစ်အသင်းမှ သက်ထူးစည်တို့အား ရဲအုပ်ရန်နိုင်ဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြို့သစ်အသင်းအား ဒေါက်တာစောထက်ဝင်းကလည်းကောင်း၊ ပထမဆုရရှိသည့် 5-Star အသင်း အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)