Pages

Pages

ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမိသားစုမှ ဆန်အိတ်များလှူဒါန်း

 



MNP - မေ  ၂၁


သံဃာတော်များ မိုးတွင်းကာလတွင် ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဉီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ရေဉီးမြို့ မဟာဓမ္မာရုံကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းဦးဆောင်၍ ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မိသားစုမှ ဆွမ်းဆန်တော် (၁၀)အိတ်အား မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မာရုံကျောင်းတိုက် ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းကြခဲ့သည်။


ထို့နောက် ဓမ္မာရုံကျောင်းတိုက် ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောတနာတရား ဟောကြားချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။


သတင်း - သန်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment