Pages

Pages

၃၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ဝင် အောင်ပွဲရ အားကစားသမားတွေကို ဘယ်လိုဂုဏ်ပြုမှာလဲ







၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ဝင်မယ့် အားကစားသမားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က အောင်နိုင်ရေးအလံ ပေးအပ်ပြီး တိုင်းပြည်အတွက် အစွမ်းကုန်ကြိုးစားကြဖို့ မိမိတို့ရဲ့ နိုင်ငံတော်အလံကို အားလုံးက အလေးပြုရသည်အထိ တိုင်းပြည်ဂုဏ်ကို ဆောင်နိုင်ဖို့ တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲကို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ကြီးပြီးလို့ မြန်မာအားကစားအဖွဲ့တွေ ပြန်လည်ရောက်ရှိလာကြပါပြီ။ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံဟာ နိုင်ငံများအလိုက် ဆုတံဆိပ်ရရှိမှုမှာ အဆင့်(၇)နေရာကသာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

အားကစားနည်း (၂၀)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေလ (၂၂)ရက်အထိ ဗိုဗီနမ် အားကစားနည်းမှ ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၆)ခု၊ ဝူရှူး အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၁)ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၃)ခု၊ ပီတန်း အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ ဂျူဒို အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ သေနတ်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၆)ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၃)ခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ် (၃)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ မြားပစ် အားကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ စုစုပေါင်း ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခု ရရှိခဲ့ကြောင်း သိရပါတယ်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက “ ကျွန်တော့်နိုင်ငံအတွက် ကျွန်တော်တအားဂုဏ်ယူတယ်။ အဓိကနှစ်ချက်ပေါ့။ ပထမတစ်ချက်က နိုင်ငံတော်အစိုးရအနေနဲ့ ယခင်နှစ်ကထက်ပိုပြီး အများကြီးအားပေးမှုတွေ ဆောင်ရွက်ပေးပါတယ်။ ဒုတိယတစ်ချက်ကတော့ ကလေးတွေဟာ မိမိနိုင်ငံအတွက် မိမိလူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက် ပြိုင်ပွဲနောက်ဆုံးအချိန်အထိ ကြိုးစားကြလို့ ဒီလိုအောင်ပွဲတွေရရှိတာပါ။ ဒီလိုမျိုးဖြစ်လာတာကလည်း နိုင်ငံတော်ရဲ့ ပံ့ပိုးမှုပါ။ ကလေးတွေရဲ့ အင်မတန် နိုင်ငံတော်အပေါ် ချစ်တဲ့စိတ်၊ လူမျိုးအပေါ် ချစ်တဲ့စိတ်နဲ့ ဆောင်ရွက်ကြလို့ စည်းလုံးညီညွတ်မှုရှိလို့ ထိုက်သင့်တဲ့အောင်မြင်မှုတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “ကျွန်တော့်အတွေ့အကြုံအရပြောရရင် နိုင်ငံတော်ကချီးမြှင့်ခဲ့တာ တစ်ခါမှဒီလောက်မများခဲ့ဘူးလို့ သိရတယ်။ ဒီနေ့ဒီအချိန်ခါမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ အားကစားဟာ နိုင်ငံတစ်ခုရဲ့ ပုံရိပ်ဖြစ်တယ်။ အာဆီယံ ၁၁ နိုင်ငံမှာ ကစားကြတဲ့အခါမှာ တို့ပုံရိပ်ကို မညှိုးနွမ်းအောင် ကြိုးစားကြရမယ်လို့ နိုင်ငံတော်အကြီးအကဲက အောင်နိုင်ရေးအလံ ပေးအပ်ပွဲမှာ မှာကြားပါတယ်။ ကလေးတွေကလည်း အဲဒီကတည်းကပဲ အလွန်အားတက်သရော အားသွန်ခွန်စိုက် မိမိနိုင်ငံအတွက်၊ မိမိလူမျိုးအတွက် ကြိုးစားဆောင်ရွက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေလည်း အားလုံးလန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ သွားရောက်ယှဉ်ပြိုင်ကြတာပါ။ အောင်ပွဲရအားကစားသမားတွေကို 

ပထမဆု ငွေကျပ်သိန်း ၃၀၀၊ 

ဒုတိယဆု ငွေကျပ်သိန်း ၂၀၀၊ 

တတိယဆု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်တဲ့အပြင် 

အသင်းအဖွဲ့ချုပ်တွေရဲ့ နည်းပြတွေကိုလည်း ရွှေ၊ ငွေ၊ ကြေးအလိုက် ဆုကြေးတွေသတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားထားပါတယ်။

မြန်မာပြည်သူအများ အားခဲပြီး မျှော်လင့်ချက်ထားတဲ့ အမျိုးသားဘောလုံးအသင်းကတော့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ အုပ်စုကို ကျော်လွန်ပြီး ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။ အုပ်စုကို ကျော်လွန်နိုင်ခဲ့တဲ့ အမျိုးသမီးလက်ရွေးစင်အသင်းကို နိုင်ငံတော်က ဒေါ်လာ(၁)သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ တတိယနေရာလုပွဲမှာ ဖိလစ်ပိုင်အသင်းကို အရေးနိမ့်ခဲ့လို့ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို ကြိုးစားချင်စိတ်ဖြစ်အောင် ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေ လုပ်ဆောင်ပေးလာတာကို တွေ့ရပါတယ်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရဲ့ ရှင်းလင်းပြောကြားချက်မှာ  "နိုင်ငံတော်အစိုးရအနေနဲ့ ယခင်နှစ်ကထက်ပိုပြီး အများကြီးအားပေးမှုတွေ ဆောင်ရွက်ပေးပါတယ်။" ပြောကြားခဲ့တာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အားကစားသည် နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် အားကစားကဏ္ဍ စွမ်းရည်မြှင့်တင်ပေးနေတာကို အထင်းသားတွေ့မြင်နိုင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက် "ကလေးတွေဟာ မိမိနိုင်ငံအတွက် မိမိလူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက် ပြိုင်ပွဲနောက်ဆုံးအချိန်အထိ ကြိုးစားကြလို့ ဒီလိုအောင်ပွဲတွေရရှိတာပါ။" လို့ ရှင်းလင်းပြောဆိုထားတာကို ကြည့်ခြင်းအားဖြင့် တိုင်းချစ် ပြည်ချစ်စိတ်ဆိုတာ ပြင်ပက စေ့စော်တိုက်တွန်းမှုတွေထက် မိမိရင်ထဲ နှလုံးသားထဲက ဖြစ်လာတယ်ဆိုတာ အားကစားသမားများရဲ့ ရေကုန်ရေခမ်း ကြိုးစားမှုတွေကို ကြည့်ခြင်းအားဖြင့် သိမြင်နားလည်နိုင်ပါတယ်။ နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေ ဒီထက်ပိုပြီး ကြိုးစားလိုစိတ်ဖြစ်အောင်၊ ထိုက်တန်တဲ့ ဆုတံဆိပ်တွေ ရရှိအောင် စွမ်းဆောင်နိုင်ဖို့ နိုင်ငံတော်အစိုးရ အဆက်ဆက် ဂုဏ်ပြုချီးမြှင့်မှုတွေ လုပ်ဆောင်သွားမယ်ဆိုရင် မြန်မာ့အားကစားဟာ အာရှမှသည် ကမ္ဘာ့ထိပ်တန်းအဆင့်ထိ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။


#MyanmarNationalPost 

No comments:

Post a Comment