မိုင်းခုတ်မြို့၌ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

 


MNP - မေ   ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းနှင့် အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်ကာ ဝမ်ကတ်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို ဝမ်ကတ်ကျေးရွာ၊ ကျန်းမာရေးဆရာမ ဒေါ်ယဉ်မျိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများသာမက တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။  


အဆိုပါ ကာကွယ်ဆေးများတွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးများအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့်  အသက် ၁နှစ်ခွဲအောက်ကလေးငယ်များအား  ပြင်းထန်တီဘီရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာ ကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အအမြေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများပါဝင်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)