Pages

Pages

မိုင်းယုမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်အပ်နှံ





MNP - မေ   ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် ယနေ့က စတင်၍ မိုင်းယု-အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။


အခမ်းအနားတွင် အမှတ်(၁၀၀၈)နယ်ခြားတပ်ရင်းမှ အရာရှိကြီးများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းနှင့် ကျောင်းသားမိဘများတက်ရောက်ကြပြီး ကျောင်းအုပ်ကြီးနှင့် အမှတ်(၁၀၀၈)နယ်ခြားတပ်မှ တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ကြသည်။


“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိပြီး၊ နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများလည်း ဖြန့်ဝေပေးကြောင်း သိရသည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျကျောင်းအပ်နှံလျက်ရှိပြီး၊ ပညာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်ဖြစ်သည့် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်နှင့် (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန်ဖြစ်ကြောင်း သိရသည်။


သတင်း - အားချာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment