MNP - မေ ၂၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်းပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးကြောင်း သိရသည် ။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကိုရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး ကျန်းမာရေးဝန်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
သတင်း - ဦးရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment