သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်(၆၉)ဦး၊ နို့တိုက်မိခင်(၁၂)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်(၆၉)ဦး၊ နို့တိုက်မိခင်(၁၂)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး



MNP - မေ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဆင်လမ်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများ အရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ (Covaxin) (Sinovac) ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လှည့်လည် ရှင်းလင်းပြောကြား ကြည့်ရှုအားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်‌ဆောင်(၆၉)ဦး၊ နို့တိုက်မိခင်(၁၂)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ (Sinovac) ထိုးနှံပေးပြီး၊ စုစုပေါင်း ပြည်သူ(၈၁)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)