နီပေါလေယာဉ် ပျက်ကျသည့်နေရာတွင် ရုပ်အလောင်း ၂၁ ခုတွေ့ရှိ၊ ၁ ဦးပျောက်ဆုံးနေဆဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပေါလေယာဉ် ပျက်ကျသည့်နေရာတွင် ရုပ်အလောင်း ၂၁ ခုတွေ့ရှိ၊ ၁ ဦးပျောက်ဆုံးနေဆဲ






ခတ္တမန္ဒူ၊ မေ ၃၁ 

နီပေါနိုင်ငံ Mustang ခရိုင်ရှိ ဝေးလံ၍ တောတောင်ထူထပ်သောနေရာ၌ နီပေါ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။“ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးကတော့ ပျောက်ဆုံးနေဆဲပါ” ဟု Mustang ခရိုင် တာဝန်ရှိသူ အကြီးအကဲ Netra Prasad Sharma က ဆင်ဟွာသို့ ပြောခဲ့သည်။ ရုပ်အလောင်း ၁၀ ခုကို ရဟတ်ယာဉ်ဖြင့် ခတ္တမန္ဒူမြို့သို့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။


အဆိုပါ Twin Otter လေယာဉ်သည် မေ ၂၉ ရက် နံနက်ပိုင်းက နီပေါနိုင်ငံ Pokhara မြို့မှ Mustang ခရိုင် Jomsom မြို့သို့ ဦးတည်ပျံသန်းပြီးနောက် မိနစ်အနည်းငယ်အကြာ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းလေယာဉ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း၌ ဦးဆောင်နေသော နီပေါစစ်တပ်က လေယာဉ်ပျက်ကျရာနေရာကို မေ ၃၀ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။


အဆိုပါလေယာဉ်တွင် နီပေါနိုင်ငံသား ၁၃ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် ဂျာမနီနိုင်ငံသား ၂ ဦး ပါဝင်သော ခရီးသည် ၁၉ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦး လိုက်ပါသွားခဲ့ကြောင်း ယင်းလေယာဉ်ပိုင် ကုမ္ပဏီဖြစ်သော Tara Air က ဆိုသည်။


လေယာဉ်ပျက်ကျရာနေရာရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သော Indra Singh Sherchan က လေယာဉ်ပျက်ကျသောနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၁၀၀ တွင်ရှိကြောင်းနှင့် ရုပ်အလောင်းများမှာ ကျောက်တောင်၊ ချောက်ကမ်းပါးများပေါ်၌ ပြန့်ကြဲနေကြောင်း ပြောကြားခဲ့သည်။


“လေယာဉ်က မီးမလောင်တဲ့အတွက် လူမျက်နှာတွေကိုတော့ ခွဲခြားသိရှိနိုင်ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။ တောတောင်ထူထပ်သော နီပေါနိုင်ငံသည် ကုန်းလမ်းကြောင်းများမှာ အထူးသဖြင့် မိုးရာသီ၌ ကောင်းမွန်ခြင်းမရှိသဖြင့် လေကြောင်းဖြင့် ခရီးသွားလာခြင်းကိုသာ ရွေးချယ်ရခြင်းကြောင့် လေယာဉ်ပျက်ကျမှုများသည် ရှားပါးဖြစ်ရပ်များမဟုတ်ကြောင်း သိရသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)