ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ



 MNP - မေ   ၁၉


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်  ၁၀ နာရီတွင် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မောင်မယ်သစ်လွင်များအနေဖြင့် အမိတက္ကသိုလ်ကြီးတွင် အေးချမ်းပျော်ရွင်စွာ အဆင့်မြင့်ပညာရပ်များကို ပြီးမြောက်သည်အထိ သင်ယူလေ့ကျင့်သွားကြရန်လိုကြောင်း၊ ခေတ်ပညာတတ်လူငယ်များဖြစ်ကြပြီး နိုင်ငံအကျိုးသယ်ပိုးနိုင်သည့် သားကောင်းသမီးမွန်များ ဖြစ်ကြစေရန် ဆုတောင်းပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၅) သိန်းကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးထံ ပေးအပ် လှူဒါန်းသည်။


ထိုနောက် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်းများ စာကြည့်တိုက်မှူးတို့နှင့် မိတ်ဆက်ကြပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်တို့မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်နှင့် ပက်သက်၍လည်းကောင်း၊ သင်တန်းရေးရာဌာနမှူးနှင့် စာကြည့်တိုက်မှူးတို့က အသီးသီးမိတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးနှင့် ဧည့်သည်တော်များသည် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)