ဝါးခယ်မမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - မေ   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိကျောင်းသား၊ ကျောင်းသူများအားကိုဗစ်ကာကွယ် ဆေးထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ရွှေခယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များ၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများမှ ဆရာ/မများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ အုပ်ထိမ်းသူမိဘများသဘောတူညီမှုရရှိရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ရန်၊ အဘိတ်ဆေးခတ်ရန်၊ ခြင်ဆေးဖြန်းရန်နှင့် စိုက်ဧကစာရင်းဇယားများမှန်ကန်‌စေရေးတို့ကို ပြောကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စုရပ်အလိုက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ မိဘများနှင့်တွေ့ဆုံ၍ လိုအပ်သောသဘောတူညီချက်များ၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)