ပျဉ်းမနားမြို့နယ်၌ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်၌ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး





MNP - မေ   ၂၆


ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။


ရှေးဦစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဘက်ပေါင်းစုံမှ  ဖွံဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့တောင်သူတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ စိုက်ပျိုးရေရရှိစေရေးကို အလေးထားဆောင်ရွက်ပေးဖို့လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များ ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းတွေကို စနစ်တကျဆောင်ရွက်ပေးဖို့ များစွာအရေးကြီးပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူများရဲ့လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးမှာကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း - ခန့်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)