တံတားဦးမြို့နယ်တွင် စိမ်းလန်းစိုပြေရေးမိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် စိမ်းလန်းစိုပြေရေးမိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ

 



MNP - မေ   ၂၇


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့်စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့နယ် ပြူကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်းသိရသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးကြသည်။ အဆိုပါ မိုးရာသီလူထုစုပေါင်းစိုက်ပျိုးပွဲတွင် နှစ်ပေအမြင့်ထက် စိန်ပန်း (၁၅၀) ပင် စိုက်ပျိုးကြကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)