တာမွေမြို့နယ်ရှိ လယ်ယာရွှေမြေလမ်းတစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ လယ်ယာရွှေမြေလမ်းတစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေး



MNP - မေ   ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း  တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ သွားရေး၊ လာရေးတွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် မြို့နယ်စည်ပင်သာယာ ရေး ကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ လယ်ယာရွှေမြေလမ်း (သုဓမ္မစာရီလမ်းမှ မာလာနွယ်လမ်းအထိ) တစ်လျှောက် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ လယ်ယာရွှေမြေလမ်းတစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူတစ်ဦးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ လယ်ယာရွှေမြေလမ်းမှာ မေတ္တာညွန့်ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေပြည်သူများသာမကပဲ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်မှ သင်္ဃန်းကျွန်း မြို့နယ်ဘက်သို့ သွားရောက်သည့် ခရီးသွားပြည်သူများ အဓိကအားကိုး အားထား အသုံးပြုကြရသည့် ဖြတ်လမ်း တစ်လမ်းဖြစ်ပြီး ယခင်က ဒီလမ်းဟာ ပျက်စီးယိုယွင်း နေပြီး ချိုင့်ခွက်တွေဖြစ်နေတဲ့အတွက် လမ်းအသုံးပြုသူများ အနေဖြင့် သွားရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အရှည်ပေ(၂၀၀၀)၊ အကျယ် (၂၀)ပေ၊ အမြင့်(၆)လက်မထုရှိသော ကွန်ကရစ်အမျိုးအစား လမ်းသစ်ကြီးကို ခင်းကျင်းပေးလျက်ရှိရာ အဆိုပါ လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးသွားပါက မြို့နယ်အတွင်းရှိ ပြည်သူများအပြင် လမ်းအသုံးပြုသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မှာဖြစ်သည့်အပြင် ရပ်ကွက်နေပြည်သူများ၏ လူနေမှုအဆင့် အတန်း များလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)