လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်အတွင်း ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်အတွင်း ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံငွေများပေးအပ်







MNP - မေ   ၂၅


မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် နေအိမ် ၁၄၀ လုံးမှ မိသားစုဝင်များထံအရောက် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


မေ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု ၁၈ အုပ်စုမှ ပြိုကျပျက်စီးနေအိမ် ၂၁ လုံးနှင့် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့သည့်နေအိမ် ၁၀၉ လုံးမှ အိမ်ထောင်စုများအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံပေးခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါဘေးသင့်အိမ်ထောင်စု(၁၃၀)စုအတွက် ငွေကျပ် ၁၀၈၁၅၅၀၀ ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်း လေးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းတန်းဖို ငွေကျပ် ၂၀၀၀၀၀ ကိုလည်းကောင်း၊ ရေမျှောသေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၃၀၀၀၀၀ ကိုလည်းကောင်း စုစုပေါင်း ငွေကျပ် ၁၁၃၁၅၅၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများတို့မှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးသင့်အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)