နမ့်စန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်အချို့ အမိုးလန်ပျက်စီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

နမ့်စန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်အချို့ အမိုးလန်ပျက်စီး

 


83

84

85


MNP - မေ   ၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုင်းနားကြီးကျေးရွာအုပ်စုနှင့် နမ့်လစ်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ ညနေပိုင်းက  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၃) လုံး အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နမ့်လစ်ကျေးရွာအုပ်စု ခါနာန်ရွာသစ်တွင် လူနေအိမ် ၁၂ လုံး၊ ဟိုင်းနားကြီးကျေးရွာအုပ်စု ဟိုင်းနားလေးကျေးရွာတွင် လူနေအိမ် ၄ လုံး ၊ တုံမုံကျေးရွာတွင် လူနေအိမ် ၁၇ လုံး ၊ စုစုပေါင်း လူနေအိမ် ၃၃ လုံး တွင် ၇ ပေ ၊ ၈ ပေ၊ ၁၀ ပေ နှင့် ၁၂ ပေ သွပ်အချပ် ၉၀၀ ကျော် အမိုးလန်ပျက်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါသဘာဝဘေးဖြစ်ပွားရာနေရာသို့ မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages