Pages

Pages

ပေါင်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ











MNP ၊  မေ ၂၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကိုယနေ့နံနက်ပိုင်းက  အထက ပေါင် ရှိ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း ကကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်အောင် ဆောင်ရွက်ကြရန်၊နှစ်ချို့ကလေးတွေလည်း ကျောင်းပြန်နေနိုင်ပါကြောင်း၊အမိကျောင်းတော်ကြီးက ကျောင်းနေအရွယ်ကလေးတိုင်းကို  ကျောင်းနေဖို့အမြဲဖိတ်ခေါ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍  မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ကျောင်းနေအရွယ်ကလေးတိုင်း   ကျောင်းနေရန်အတွက်  နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေကိုလည်း ကျောင်းစာပေ အပြင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ  ဒေါက်တာမိအိုင်းပ‌ရောနွန်ရော့ က ကျောင်းစဖွင့်သည့်ရက်မှစ၍ အသက် ၅နှစ်အရွယ်မှ ၁၂ နှစ်ရွယ်အထိကလေးများ အား ကိုဗစ် ၁၉  ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပေါင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လည်း ယနေ့မှစ၍ ကျောင်းအပ်လက်ခံနေပြီးဖြစ်ပါကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment