နိုင်ငံအသီးသီးက တရုတ်နိုင်ငံနှင့်စီးပွားရေးပြုလုပ်ရန် လိုအပ်သလို အခွင့်အလမ်းနှင့်ဈေးကွက်များက တရုတ်နိုင်ငံတွင် ရှိသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံအသီးသီးက တရုတ်နိုင်ငံနှင့်စီးပွားရေးပြုလုပ်ရန် လိုအပ်သလို အခွင့်အလမ်းနှင့်ဈေးကွက်များက တရုတ်နိုင်ငံတွင် ရှိသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ပြောကြား


စင်ကာပူ၊ မေ ၂၇ 

အခွင့်အလမ်းနှင့် ဈေးကွက်များက တရုတ်နိုင်ငံတွင်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးမလုပ်၍မရသလို တရုတ်ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့ကြောင်း စင်ကာပူ Lianhe Zaobao သတင်းစာ၏ ပြီးခဲ့သည့်ရက်ပိုင်းဖော်ပြချက်များအရ သိရသည်။


ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှုက ပို၍မြင့်တက်တိုးပွားလျက်ရှိရာ တရုတ်နှင့်ကုန်သွယ်ရေး အသွားအလာများလာခြင်းက ပုံမှန်ဖြစ်ပြီး တရုတ်နှင့်ကုန်သွယ်ရေး တိုးတက်အောင် လုပ်ဆောင်မှုမရှိခြင်းက နစ်နာမှုများပြားမည် ဖြစ်ကြောင်း လီရှန်လွန်းက ဆိုသည်။


တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် ဒေသရေးရာတွင် အစဉ်ပါဝင်နေပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အဆိုပြုထားကြောင်း ၊ စင်ကာပူနိုင်ငံသည် ဤအဆိုပြုချက်များကို ထောက်ခံအားပေးသလို “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၏ ချစ်ကြည်ရေးအဖွဲ့” အဖွဲ့ဝင်လည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


တရုတ်နိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အညီ တရုတ်နိုင်ငံ၏အရှိန်အဝါသည်လည်း အစဉ်ကျယ်ပြန့်မှုရှိလာရာ အာရှတိုက် စီးပွားရေးအစုအဖွဲ့ နိုင်ငံအားလုံးနီးပါး၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေကြောင်း လီရှန်လွန်းက ဆိုသည်။ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ စည်ပင်ဝပြောရေး အခွင့်အလမ်းများကို တရုတ်နိုင်ငံ ဖန်တီးထားရာ နိုင်ငံအများအပြားအနေဖြင့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးက ဆောင်ကြဉ်းလာသည့် အခွင့်အလမ်းများကို ဆုပ်ကိုင်ပြီး တရုတ်နှင့်ကုန်သွယ်ရေး အသွားအလာ များပြားလာအောင် ဆောင်ရွက်လိုကြကြောင်း ၎င်းက ပြောကြားခဲ့သည်။


ယခုနှစ်တွင် စင်ကာပူနိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံ တိုးတက်ရေး သဘောတူညီချက်(CPTPP)၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည်။ CPTPP သည် ပွင့်လင်းသည့်အဖွဲ့အစည်းဖြစ်ပြီး CPTPP အဆင့်မီသည့် စီးပွားရေးအစုအဖွဲ့နိုင်ငံများ အားလုံးပါဝင်နိုင်ရာ တရုတ်နိုင်ငံပါဝင်ရန်အတွက်လည်း စင်ကာပူနိုင်ငံက ကြိုဆိုကြောင်း လီရှန်လွန်းက ပြောခဲ့သည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)