Pages

Pages

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ


MNP - မေ  ၂၄


ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ်  မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အ-ထ-က(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက်(၀၉:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်(AstraZeneca) ထိုးနှံသူ(၂၂)ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ(၅၀)ဦးနှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ (၁၆၈)ဦး စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံသူ(၂၄၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။


ကာကွယ်ဆေးထိုးနှံရာနေရာတွင်မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment