Pages

Pages

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - မေ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။


‌ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ်(၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအကြီးအကဲများအား တာဝန်ပေးထားသည့် ရပ်ကျေးများထိ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ရန်၊ တစ်ပြိုင်တည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရေးမှာကြားရန်၊ သန့်ရှင်းရေး အပတ်စဉ် ဆောင်ရွက်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက မြို့နယ်အဆင့် ကွပ်ကဲရေးရုံးဖွင့်ရာတွင် ရောက်ရှိတာဝန်ထမ်းဆောင်ရန်၊ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး သတင်းရယူတင်ပြရန်၊ မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိစေရေး ပူးပေါင်းကာကွယ်ရန်၊ မြို့ဝင်ထွက်စစ်ဆေးရာတွင် တာဝန်ကျပါက ပူးပေါင်းဆောင်ရွက်ရန်၊ CDM ပြုလုပ်ပြီး အလုပ်ပြန်ဝင်သည့် ဝန်ထမ်းများအား စောင့်ကြည့်ရန်၊ ထူးခြားဖြစ်စဉ်ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းတင်ပြရန်တို့ကို မှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြမှုများအား အသေးစိတ် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment