Pages

Pages

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပျိုးပင်များ (၃၀၀၀) ကျော် ပျိုးထောင်ထားရှိ


MNP - မေ  ၂၆


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးရုံးအတွင်း စိုက်ပျိုးထားသောပျိုးပင် (၃၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။


နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မိုးရာသီကာလအတွင်း အဓိကလမ်းမကြီးများ၏ လမ်းဘေး ဝဲ /ယာ ၌ အရိပ်ရပင်များ၊ ပန်းအလှပင်များ မြေချစိုက်ပျိုးနိုင်ရေးအတွက် အဖွဲ့ပိုင် ပျိုးဥယာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင် (၃၀၀၀) ကျော် ကိုမြေဆွေးထည့်ခြင်း ပျိုးအိတ်များ ဖြည့်တင်းခြင်းနှင့် ပျိုးဥယာဉ်အတွင်း ပေါင်းပင်၊ မြက်ပင်များ ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းလုပ်ငန်းများကို အဖွဲ့ရုံးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။ နတ်မောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေး ဝဲ /ယာ နှင့် မြို့အဝင်/ အထွက် ဆိုင်းဘုတ်ဝန်းကျင်တွင် ပေါင်းပင်၊ မြက်ပင်များကို မြက်ဖြတ်စက်ဖြင့် ရှင်းလင်းခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment