မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်



MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းမှ ကျန်ရှိသောလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၂၄၀ ကျော်ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာ ရှစ်ရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ၂၀၂၁-၂၀၂၂ခြောက်လဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံ ငွေဖြင့် အရှည် ၃.၉၄၄ ကီလိုမီတာအား ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိသည့် အရှည် ၁.၆၀၉ ကီလိုမီတာကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ ကျပ် ၂၄၃ သန်းဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည် ကုမ္မဏီက တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကန်တောင်၊ ဒဟတ္တန်း၊ ကွက်ငယ်၊ ပန်းတင်း၊ အင်အုံး၊ ပန်းသွင်း၊ ဝါးရုံ၊ အိုင်ကြီးလည်ကျေးရွာများမှ ဒေသခံများ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)