Pages

Pages

ထန်းတပင်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ



MNP - မေ   ၂၄


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ဆတ်ကလေးကျေးရွာအုပ်စု၊ အိမ်လေးလုံးကျေးရွာရှိ ကွင်းအမှတ် (၂၃၄)၊ ဦးပိုင်အမှတ် (၅/ခ) တောင်သူ ဦးကျော်ဌေး၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကို စိုက်ပျိုးခြင်းဖြစ်ပြီး သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


လက်ရှိ ထန်းတပင်မြို့နယ်မှာ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးဧက (၁၂) ဧက လောက်တော့ စိုက်ပျိုးပြီးသွားပါပြီ တောင်သူအသိပညာပေး အနေနဲ့ လည်း ကွင်သရုပ်ပြပွဲတွေနဲ့ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေတာတွေကိုလည်း လက်ရှိအချိန်မှာ ဆောင်ရွက်လျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ရှင်းပြသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment