ဘီးလင်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်လက်ခံ ဆောင်ရွက်ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်လက်ခံ ဆောင်ရွက်ပေးလျှက်ရှိ




MNP ၊ မေ ၂၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ မေ ၂၆ ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကိုလက်ခံ လျှက်ရှိကြောင်းသိရသည်။

  ဘီးလင်းမြို့နယ်၌ ယခုနှစ်ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့်အခြေခံပညာ ကျောင်းပေါင်း ( ၁၆၃ ) ကျောင်းရှိပြီး အဆိုပါကျောင်းများသို့ လာရောက်အပ်နှံကြသည့်ကျောင်းသား၊ကျောင်းသူများကို အခမဲ့ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသည့်အပြင်  KG တန်းမှ Grade - 5 တန်းထိ ကျောင်းသား၊ ကျေင်းသူတစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် 

၁ ဒါဇင်၊ ခဲတံ ၄ ချောင်းစီကို လည်းကောင်း၊ Grade - 6 မှ Geade - 11 ထိ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ ခဲတံ ၂ ချောင်း၊ ဘောပင် ၂ ချောင်းတို့ကို အခမဲ့ဖြန့်ဝေပေး လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)