နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင် ဦးမြင့်စိုး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင် ဦးမြင့်စိုး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ





MNP ၊ မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သည် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ(၃၁)ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုတက်လာ စေရန်အတွက် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုအား စိုက်ဆောင်ရွက်ပြီး ဒေသဝမ်းစာဖူလုံရုံမက ထုတ်ကုန်နှစ်ဆထုတ်လုပ်လာနိုင်စေရေးနှင့် ကျန်းမာရေး၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်သွားကြရန်ဖြင့် အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ အားစိုက်လုပ်ကိုင်ရာတွင် အခက်အခဲများရှိပါက မြို့နယ်ဌာနဆိုင်ရာများ၏ အကူအညီရယူပြီး စနစ်တကျဆောင်ရွက်သွားကြရန် ပြောကြား သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူက ပြည်သူများ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရန်  ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများအား ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးဝင်းအောင်က တောင်သူများ စိုက်ပျိုးကြသည့်စပါးဈေးကွက်များ ကောင်းလာ သဖြင့် အထွက်နှုန်းကောင်းမွန်အောင် ပိုမိုစိုက်ပျိုးကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရပ် ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့၏ အခက်အခဲများကို တင်ပြရာတွင် လယ်ဝေးမြို့နယ်အနေဖြင့် စပါးရောင်းလိုအားများပြီး ဝယ်လိုအားနည်းသဖြင့် လျော့ပေါ့ဈေးများရရှိခြင်း၊ မွေးမြူရေးကဏ္ဍတွင် ကာကွယ်ဆေးများထိုးနှံရာတွင် ကျေးရွာများအရောက် စနစ်တကျ ထိုးနှံနိုင်ရေး၊ ငါးသားပေါက်များလုံလောက်စွာရရှိရေး၊ လယ်ယာမြေများ ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကိုတင်ပြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)