လယ်ဝေးမြို့နယ်တွင် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

လယ်ဝေးမြို့နယ်တွင် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

99

100


MNP - မေ   ၄

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိပညာရေးဝန်ထမ်းများ အား ပညာရေးလုပ်ငန်းတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေရန်အတွက် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ဝေးမြို့နယ် ပညာရေးမှူး ဦးအောင်လွင်က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိန်လင်းက အလုပ်ရုံဆွေးနွေးနှင့်ပတ် သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ မြို့နယ်အတွင်းရှိ အထက် တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၈)ဦးက နည်းပြတာဝန်ယူကာ အခြေခံပညာ ကျောင်းများမှ ဆရာ၊ဆရာမ(၁၄၆)ဦးအား စီမံခန့်ခွဲမှုဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာရေး ဆိုင်ရာဘာသာရပ်များကို (၄.၅.၂၀၂၂)ရက်မှ (၅.၅.၂၀၂၂)ရက်နေ့ထိ (၂)ရက်တာ ဆွေးနွေး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages