ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အခြေခံရှမ်းစာပေသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အခြေခံရှမ်းစာပေသင်တန်းဆင်းပွဲ ကျင်းပ

 





MNP - မေ  ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် နောင်အွန်ကျေးရွာ၊ နောင်မိုကျေးရွာ၊ ဟင်းနားကျေးရွာနှင့် မော်ဟွေ့ကျေးရွာများတွင် ယမန်နေ့က အခြေခံရှမ်းစာပေသင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲများတွင်  ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဆာထွန်းနှင့် နာယကအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုတော်ငွေများကိုလည်းကောင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုဆုတော်ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။


ထိုနောက် မူလတန်း၊ ပထမတန်း၊ ဒုတိယတန်း နှင့်တတိယတန်းအဆင့်များတွင် ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား/သူများအား ဆုများနှင့် မေတ္တာလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သူများ ကိုယ်စားသင်တန်းသားတစ်ဦးစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်ပြီး အခြေခံရှမ်းစာပေသင်ကြားခဲ့ကြသည့် သင်တန်းသား/သူများက ရှမ်းရိုးရာအလှပဒေသာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။


အဆိုပါ သင်တန်းကို ဟိုပန်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စီစဉ်ကြီးကြပ်၍ ရှမ်းစာပေပြန့်ပွားမှုရှိစေရန်နှင့် တန်ဖိုးထားထိန်းသိမ်းတက်ကြစေရန်တို့ကိုရည်ရွယ်ပြီး ဧပြီလ(၂၂)ရက်နေ့မှစ၍ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကာ ဟိုပန်မြို့နယ်အတွင်းရှိ နောင်အွန် ကျေးရွာမှ(၇၆)ဦး၊ နောင်မိုကျေးရွာမှ(၇၈)ဦး ဟင်းနားကျေးရွာမှ(၉၁)ဦးနှင့် မော်ဟွေ့ကျေးရွာမှ (၁၇၈)ဦး စုစုပေါင်းတိုင်းရင်းသားလူငယ်(၄၂၃)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ဟိုပန်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရှိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)