MNP - မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးတွင် တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန် တွင် ပြုလုပ်ခဲ့ကြောင်း ငါ့သရောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထံမှတောင်သူများသို့ပေးအပ်ပြီး အသုံးပြုပုံအသုံးပြုနည်းဖြစ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို စိုက်ပျိုးပြီး (၄၅)ရက်သားအချိန်တွင် ထယ်ရေးထွန်ပြီး ဆွေးမြေ့သွားသောအခါ မိမိစိုက်လိုသည့်သီးနှံကို စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်းကိုလည်း ရှင်းပြပေးခဲ့သည်။ ထို့နောက်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲကို ငါ့သရောက်မြို့ အိုရင်းကျေးရွာနှင့်မြေနဲကြီးကျေးရွာတို့မှ တပ်ရောက်လာသော တောင်သူ (၉)ဦးတို့အား ဧက (၂၀) စာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - ဖြိုးဝေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment