မအီမြို့တွင် ရွှေကြာသိမ်စေတီတော် အောက်ဌာပနာထည့်သွင်း ပူဇော်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ရွှေကြာသိမ်စေတီတော် အောက်ဌာပနာထည့်သွင်း ပူဇော်ပွဲအခမ်းအနား ကျင်းပ










MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်မည့် ရွှေကြာသိမ်စေတီတော် အောက်ဌာပနာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၇)နာရီ(၃၀)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ဌာပနာတိုက်အတွင်းသို့ ဗုဒ္ဓဆင်းတုတော်များကို ထည့်သွင်းဌာပနာပူဇော်ခဲ့ကြကြောင်းသိရသည်။

မအီမြို့တွင် မာရ်ငါးပါးစေတီတော်များထီးတော်တင်ပူဇော်ခြင်း၊ ဓာတ်တော်စေတီများဌာပနာပူဇော်ခြင်းနှင့် အနေကဇာတင်ပူဇော်များကို ကဆုန်လဆန်း(၈)ရက်(၇-၅-၂၀၂၂)ရက်နေ့မှစတင်၍ မအီမြို့ပတ်လည်ခြံရံလျှက်ရှိသည့် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်၊ သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော်၊ ဥရုဝေလအသွေးတော်ဓာတ်စေတီတော်နှင့် ကဆုန်လပြည့်နေ့တွင် အံတော်သိမ်စေတီတော်တို့ကို ထီးတော်တင်ပူဇော်ခြင်း၊ ဌာပနာပိတ်ပူဇော်ခြင်း၊ အနေကဇာတင်ပူဇော်ခြင်းများကို စဉ်ဆက်မပြတ်ပူဇော်လာခဲ့ရာ ယခုရွှေကြာသိမ်စေတီတော် အောက်ဌာပနာပိတ်ပူဇော်ခြင်းကို  ထပ်မံပူဇော်ခြင်းဖြစ်ပြီး အဆိုပါ ဌာပနာပိတ်အခမ်းအနားသို့ မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက်ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာရောက်ရှိခဲ့ကြကြောင်းတို့ကို ဖော်ပြပါဓမ္မရိပ်သာကျောင်းမှသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)