သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ


MNP - မေ   ၂၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာ   စကား        ပြောကြား သည်။                                           


အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်က ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကျပ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) အခု (၁၀၀၀)ခုကိုလည်းကောင်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာနကိုယ်စား ကိုဗစ်-၁၉ရော ဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန(IBC)၏ကိုယ်စား  ဒါရိုက်တာအဖွဲ့ဝင် သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ထောက်ပံ့ငွေ(၅)သိန်းကျပ်နှင့် သစ်တောထွက် ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းလီမီတက်၏ကိုယ်စား မြန်မာ့သစ်လုပ်ငန်း၊ အထွေထွေမန်နေ ဂျာ(သစ်အခြေခံ)  ဦးဝင်းနိုင်မှ ထောက်ပံ့ငွေကျပ်(၅)သိန်း ကျပ်ကိုလည်းကောင်း ပေးအပ်ခဲ့ရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်နှင့် တက်ရောက်လာသည့်တာဝန်ရှိသူ များက ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရှိ ပညာသင်ကြားနေမှုများနှင့် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များအား ကြည်ရှုစစ်ဆေးရာ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်မှ စာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းသား/ ကျောင်းသူအိပ်ဆောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် မှာကြားချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှုများ အားလိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)