၂၀၂၂-၂၀၂၃ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ

 



MNP - မေ   ၁၉


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် (၈) နာရီအချိန်ခန့်က နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။


အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးကျော်စိုးဝင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ဌာနဆိုင်ရာအကြီးအကဲတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူခဲ့ကြပြီး ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေကို (လုံးဝ) ကောက်ခံမှု မရှိခြင်း၊ သူငယ်တန်း (KG) သင်ရိုးသစ်မှ Grade -5 သင်ရိုးသစ်အထိ ကျောင်းသား/သူများအား ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့်ကျောင်းဝတ်စုံ (၁) စုံစီ အခမဲ့ ပေးဝေသွားမည်ဖြစ်ပြီး၊ Grade-6 သင်ရိုးသစ်မှ Grade-11 သင်ရိုးသစ်အထိ ကျောင်းသား/သူ များအား ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံ အစရှိသည့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)