MNP - မေ ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်က အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးမှာကြားကြသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ် ဆရာ/ဆရာမ ကြီး စုစုပေါင်း (၁၇၀) ဦး တက်ရောက်ကြပြီး၊ ဆွေးနွေးပွဲကာလမှာ မေလ (၂၉)ရက်နေ့နှင့် (၃၀) ရက် (၂)ရက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment