MNP - မေ ၃
၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်မြို့နယ် မီးတပ်တပ်ဖွဲ့ဝင်များမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြသိန်းတန် ပရိယတ္တိစာသင်တိုက်ကျောင်းဝန်း၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဉီးစီးအရာရှိ ဉီးစိန်ခိုင်ဉီး ဆောင်၍ မီးတပ်တပ်ဖွဲ့ဝင်(၂၂)ဉီးတို့က မြသိန်းတန်ပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း၌ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ဘုန်းကြီးကျောင်းအပြင်ဘက် တောင်ခြေရှိ လမ်းဘေး ဝဲယာ၏ ခြုံနွယ်အမှိုက်များ ခုတ်ထွင်းရှင်းလင်းပြီး စနစ်တကျ စွန့်ပစ်ခြင်းများ ပြုလုပ်၍ စုပေါင်းသန့်ရှင်းရေးများ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment