၂၀၂၂ ခုနှစ် ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






MNP - မေ  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂  ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားခရိုင်အတွင်း (၅) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်အားကစားကွင်းအတွင်းရှိ၊ အားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်   ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။


ရှေးဦးစွာ  ၂၀၂၂  ခုနှစ်၊  ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်အတွင်း(၅) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်ဦးလွင်အသင်းနှင့် စဉ့်ကူးမြို့နယ်အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ပြင်ဦးလွင်အသင်းမှ ပထမဆုနှင့် စဉ့်ကူးမြို့နယ်အသင်းမှ ဒုတိယဆုများ အသီးသီးရရှိခဲ့သည်။


ဆက်လက်ပြီး တာဝန်ရှိသူများမှ ၂၀၂၂ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားခရိုင်အတွင်း (၅) မြို့နယ်၊ အသက် (၂၅) နှစ်အောက်(၃) ယောက်တွဲ အမျိုးသားပြိုင်ပွဲပထမဆု၊ (၂) ယောက်တွဲ အမျိုးသားပြိုင်ပွဲ ပထမဆုနှင့် (၂) ယောက်တွဲ အမျိုးသားပြိုင်ပွဲ တတိယဆုရရှိသော အသင်းတို့အား ဆုတံဆိပ်၊ ဆုငွေနှင့် ဆုဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)