MNP - မေ ၁၉
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာရေးဌာနမှ ကျောင်းဖွင့်ရက် သတ်မှတ်သည့်ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်နိုင်သည့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များ ရှိပါကလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုးက ကျောင်းသား/ကျောင်းသူများ တည်ငြိမ် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အဖျက်အမှောက်လုပ်ရက်များ မဖြစ်ပွား စေရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းအားဖြည့် ဆောင်ရွက်စေလိုကြောင်းနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းက ယခုစာသင်နှစ်တွင် ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်ထားသည့် ကျောင်းများနှင့်ဆရာ/ဆရာမများ ခွဲဝေချထားမှု အခြေအနေများကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး အောင်ခိုင်စိုးတို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတ်း - ဝတ်ရည်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment