Pages

Pages

ဟိုင်းကြီးကျွန်းမြို့၊ ဘန့်ဘွေးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီး


MNP - မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင် (၁)ဆောင် အမိုးလန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။


ကျောင်းဆောင်မှာ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်ကျောင်းဆောင် အမျိုးအစားဖြစ်ပြီး ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်မှ ဝရန်တာအမိုး သွပ် (၁၅)ချပ်ခန့်လန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။


အဆိုပါကျောင်းဆောင်သို့ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုပြီး ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment