ငပုတောမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



MNP - မေ   ၂၃


ငပုတောမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူ ပြုစေရန်နှင့် သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်းရေးနှင့်  သစ်တော၊ သစ်ပင်များ ကာကွယ် စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းကို  အစဉ်တစိုက် ဆောင်ရွက်နိုင်ရေး၊    သစ်ပင်၊ သစ်တော၏ တန်ဖိုးကို သိနားလည်ပြီး ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍  မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ငပုတောမြို့နယ် ကြက်လည်ဆစ်ကျေးရွာရှိ ရွှေကြက်ဝပ် ဘုရားတောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်  ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။


အခမ်းအနားတွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊  အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ အတွင်းရေးမှူး ရဲမှူးဦးမြင့်ဆွေ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက သတ်မှတ်ထားသော နေရာများတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးကြသည်။               


အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်  စိုက်ပျိုးပွဲကို ငပုတောမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အမြင့်(၆)ပေခန့်ရှိသည့် မဟော်ဂနီ အပင်(၁၅၀)၊ ခရေအပင်(၁၅၀)၊ ပျဉ်းဂတိုးအပင်(၁၀၀)၊  မန်ဂျန်းရှားအပင် ( ၁၀၀ ) စုစုပေါင်း အပင် (၅၀၀)အား တက်ရောက်သူ အင်အား (၉၈)ဦးဖြင့် ကြက်လည်ဆစ်ကျေးရွာရှိ ရွှေကြက်ဝပ်ဘုရားတောင်ခြေတွင် စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)