ရှမ်းရွာသစ်မြို့တွင် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် လမ်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်





MNP - မေ  ၂၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၉.၆)သန်းဖြင့် (34.2) km နှင့်( 34.4)km ကြားရှိ ပြိုကျသွားသော တံတားချဉ်းကပ်လမ်း အရှည်(၆၁)မီတာနှင့် အမြင့်(၃.၆၆)မီတာရှိ ကျောက်စီမြေ ထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၉.၆)သန်းဖြင့်လည်းကောင်း၊ အရှည် (၄၇၀)မီတာရှိ လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံ ငွေကျပ် (၆၂.၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက တောင်ကျရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးသည့်အပြင် ရေနှုတ်မြောင်းများလည်း ရေစီး ရေလာကောင်းမွန်ပြီး အဆင်ပြေသွားမည်ဖြစ်ကြောင်းလမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)