ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပ

 





MNP - မေ   ၂၉


ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင်  ယနေ့နံနက် ၁၀နာရီက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က “ဥပဒေအရာရှိများအနေဖြင့် မိမိတို့ရဲ့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အနီးကပ်ကြီးကြပ်မှုကိုခံယူရန်၊ ဥပဒေရေးရာဝန်ကြီးဌာနကို တာဝန်ခံပြီးလမ်းညွှန်ချက်များ၊ အမိန့်လုပ်ထုံးလုပ်နည်းများနဲ့အညီ တာဝန်ထမ်းဆောင်ရန်၊ ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေကို လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပို့ချရန်ရှိတဲ့အတွက် ပြည်နယ်/ တိုင်းဒေသကြီးများမှာ ဥပဒေရေးရာသင်တန်းများ၊ ရုံးဝန်ထမ်းများ၊ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချစေလိုကြောင်း၊ ဥပဒေအရာရှိများ မိမိလုပ်ငန်း စွမ်းရည်တိုးတက်မှုသာမက ပြည်တွင်း/ပြည်ပသတင်းအသိပညာ ပြန့်ပွားသိရှိကြစေလိုကြောင်း”စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးခင်မောင်လွင်က တိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာကြသော ခရိုင်ဥပဒေအရာရှိများက ခရိုင်နှင့်မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး ဥပဒေအရာရှိများက အခြားဆွေးနွေးလိုသည့်အချက်များကို ဆွေးနွေးတင်ပြခဲ့‌ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)