၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ






MNP - မေ  ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများ ကအခမ်းအနားကို “မြန်မာ့ကျောင်းသီချင်း” ဖြင့်သီဆို ဂုဏ်ပြုဖွင့်လှစ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က “ကျောင်းနေအရွယ်ကလေး အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၅)ပြည့်ပြီးကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်နဲ့ စည်းရုံးလှုံ့ဆော်သွားရမှာဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး [Comprehensive Education Sector Review (CESR)]အစီအစဉ်များချမှတ်ပြီး အားနည်းချက်၊ လိုအပ်ချက်များကို နိုင်ငံတော်၏ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော အမျိုးသားမဟာဗျူဟာ စီမံကိန်း(NESP)နှင့် ပညာရေးစေတနာရှင်များ ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်အောင်၊ ပညာသင်ယူနိုင်အောင် ပံ့ပိုးခြင်းဖြင့် ရင်ဆိုင်နေ ရသည့် အမျိုးမျိုးသောစိန်ခေါ်မှုများကိုတုံ့ပြန်အနိုင်ယူရန်၊ လူ့စွမ်းအားအရင်းအမြစ်များကို အစွမ်းကုန် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်မှုသည် အသိပညာ (Knowledge)ဖြစ်လာကြောင်း၊  လူတိုင်းအကျုံးဝင်ပညာရေးဖြစ်သော (Inclusive Education) အစီအစဉ်ဖြင့် ကိုယ်စိတ်ချို့တဲ့နေသည့်ကလေးများကိုလည်း စိတ်ရှည်ရှည်ထားပြီး လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆန့်အောင် ပညာသင်ကြားပေးကြရမှာဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ကျောင်းအပ်နှံရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်ဝန်ကြီးများက ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းဆင့်အတွက် ကျောင်းသုံးပပြဌာန်းစာအုပ် (၈၇၅၄၈)အုပ်၊ ဗလာစာအုပ်(၂၆၁၇၆၉)အုပ်၊ မူလတန်းဆင့်အတွက် ကျောင်းဝတ်စုံ(၁၃၂၉၀၇)စုံပေးအပ်ရာကျောင်းသား/ သူများ ကလက်ခံရယူ သည်။


ဆက်လက်၍ တက်ရောက်လာသည့်ဧည့်သည်တော်များအား ကျောင်းသား/သူများက “ဇာတိမာန် သီချင်း” ဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)