သရက်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၉၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၉၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း အမိုးလန်ပျက်စီး





MNP - မေ    ၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဧပြီ ၃၀ ရက် ညနေ ၄ နာရီမှ ၅ နာရီခွဲထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုတို့တွင် လူနေအိမ်(၉၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ဇရပ်(၁)ခု၊ သိမ် (၁)ခု၊ ဓမ္မာရုံ(၁)ခု၊ ဗလီ(၁)ခု အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူနေအိမ် (၉၈)လုံး အမိုးလန်ပျက်စီးမှုကြောင့် အိမ်ထောင်စု (၉၈)စု လူဦးရေ (၄၂၄)ဦး  လေဘေးသင့်ခဲ့ပြီး လေဘေးသင့်ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ၊ မြို့နယ်ရဲတပ်ဖွဲနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လဲကျနေသော မီးတိုင်များအား လျှပ်စစ်ဌာနမှ ပြင်ဆင်ခြင်းတို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)