Pages

Pages

ပုလောမြို့နယ် စံပြကျေးရွာတွင် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက်(၁)လုံး ၅၀% ဖြင့် ရောင်းချပေး







MNP - မေ   ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ စံပြကျေးရွာအတွက် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက် (၁)လုံးကို ၅၀% ဖြင့် ယမန်နေ့ညနေက တောင်သူ (၁) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ DAEDONG အမျိုးအစား  DF-4510  လယ်ထွန်းစက်မှာ ကာလတန်ဖိုးငွေ ၁၇၀၉၇၁၉၂ ကျပ်တန်ဖိုးရှိပြီး သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပုလောမြို့နယ် စံပြကျေးရွာ စီမံကိန်းအတွက် နိုင်ငံတော်အစိုးရက ၅၀% လျော့ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ပုလောမြို့နယ်တွင် လှည်းကျွန်းဝကျေးရွာမှ တောင်သူ (၁) ဦးက ရရှိခဲ့ကြောင်း သိရသည်။


ပုလောမြို့နယ်တွင် သမဝါယမဦးစီးဌာနအသင်း(၄၀)သင်းရှိပြီး၊ အသင်းသူ/အသင်းသားများနှင့် ပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ အရစ်ကျရောင်းချပေးလျက်ရှိပြီး၊ ယခုအခါတွင် စိုက်ပျိုးသူတောင်သူများ လုပ်အားခလျော့ချနိုင်စေရန်နှင့် ထွက်ကုန်အရည် အသွေးကောင်းတဲ့မျိုးကောင်းမျိုးသန့်များ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးသိန်းဝင်းထံမှ သိရသည်။


သတင်း - အေးအေးမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment