မြစ်သားမြို.တွင် ကျောင်အပ်နှံရေးတွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို.တွင် ကျောင်အပ်နှံရေးတွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကျင်းပ





MNP - မေ  ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်အပ်နှံရေး တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားကို ၂၀၂၂ခုနစ်မေလ(၂၄)ရက် နံနက်(၁၀)နာရီအချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်ဟန်မှဦးဆောင်ကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ညှိနှိုင်းမှုများကို အသေးစိတ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ထံမှ သိရသည်။


သတင်း - သီတာအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)