မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးအဆောက်အဦသစ်အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးအဆောက်အဦသစ်အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်

 







MNP - မေ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ရန်ပုံငွေဖြင့်ဆောက်လုပ်သော တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက အာသောကလမ်း၊ အမှတ် (၂) ရပ်ကွက် တရားရုံးအဆောက်အဦသစ်မျက်နှာစာ၌ ကျင်းပသည်။


အဆိုပါအဆောက်အဦသစ်ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။


ဆက်လက်၍ ဧရာဝတီသား(ဟေ့) ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းမင်းက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်တို့ထံ မော်လမြိုင်ကျွန်းမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ပစ္စည်းနှင့် အလံငယ်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုသည်။


ယနေ့ ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံး ပင်မအဆောက်အဦသစ် မှာ အလျား ၁၁၇ ပေ ၊ အနံ ၄၆ ပေ အကျယ်အဝန်းရှိ သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ် အဆောက်အဦဖြစ်ပြီး တရားရုံးအသုံးပြုသူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။


သတင်း -အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)