စိုက်ပျိုးစရိတ်ထုတ်လုပ်ရေးသမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးစရိတ်ထုတ်လုပ်ရေးသမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲကျင်းပ



MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ စိုက်ပျိုးစရိတ်ထုတ်လုပ်ရေးသမဝါရမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ယမ်းဇမ်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် လက်ပံတဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် စိုက်ပျိုးရေးစရိတ်ကြိုပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးစရိတ်ထုတ်လုပ်ရေးသမဝါယမအသင်းများသို့ စိုက်ပျိုးရေးစရိတ်ကြိုပေးပွဲတွင် ယမ်းဇမ်းကျေးရွာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မြေပဲစိုက်ပျိုးသောတောင်သူ(၂၈) ဦးနှင့် လက်ပံတဲသမဝါယမအသင်းမှ မြေပဲစိုက်ပျိုးတောင်သူ (၄၄)ဦး ၊ စုစုပေါင်း (၇၂)ဦးအတွက် ညောင်ဦးမြို့နယ်သမဝါယမအသင်းစုမှ သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အသင်းသား တောင်သူများအား မြေပဲဆံတစ်ပိဿလျှင် (၂၅၀၀)ကျပ်ဖြင့် သီးနှံကြိုပေးစနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါသမဝါယမအသင်း(၂)သင်းမှ အသင်းသား(၇၂)ဦးပိုင်ဆိုင်သည့် မြေပဲစိုက်ခင်း (၂၅၀)ဧကမှထွက်ရှိမည့် မြေပဲဆံပိဿ (၂၀၀၀၀)အတွက် စိုက်ပျိုးရေးစရိတ်ကြိုပေးငွေ သိန်း (၅၀၀)အား မြေပဲစိုက်တောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ ကြိုတင်ငွေထုတ်ပေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှဦးအောင်ဖြိုးဝေနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးဌေးတို့မှအသင်းများသို့ ကွင်းဆင်းပြီးထုတ်ချေပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)