ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး




MNP - မေ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နေကြာစိုက်ပျိုးဧက လျာထားချက်၊ အထွက်တင်းများ မှန်ကန်မှုရှိစေရေး၊ ရိုးဖြတ်ကျန်ဧကများ မရှိစေရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့် ဧကများမရှိစေရေး၊ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် အပိုင်းလိုက် ကိန်းဂဏန်း အချက်အလက်များအား တာဝန်ယူဆောင်ရွက်ရေး စသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ ကောက်ယူရေး၊ မျိုးကောင်း မျိုးသန့်ရရှိရေး၊ နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရေး၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့် ရေရရှိရေးနှင့် အခြားသော စိုက်ပျိုးရေးအထောက်အကူပြုရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ စိုက်ပျိုးရေးတာဝန်ခံများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)