တံတားဦးမြို့တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



MNP - မေ   ၂၇


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး ပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံ (၉) နာရီက ကျင်းပကြောင်းသိရသည်။


ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မသန်စွမ်းသူများသည်စွမ်းနိုင်ပါကြောင်း၊ သို့အတွက်အကြောင့် မသန်စွမ်းသူများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအကြောင်းပြောကြားရာတွင် မသန်စွမ်းသူများသည် နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရေး၊ နိုင်ငံ‌ရေး ၊ လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာစသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူလူမှု အဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်ရန်  မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုရှိပြီး  ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ ရပ်ကွက်၊ကျေးရွာများမှာ မသန်စွမ်းသူများရှိခဲ့လျှင် ထောက်ပံ့ငွေများရရှိရေးအတွက် ချိတ် ဆက်ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးပြောကြားသည်။


တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Onlineမှတစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအား ဆက်လက်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)