မိရိုးဖလာ အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ဝက်လာဖျာ ရက်လုပ်သည့်လုပ်ငန်းမှ မိသားစုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိရိုးဖလာ အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် ဝက်လာဖျာ ရက်လုပ်သည့်လုပ်ငန်းမှ မိသားစုဝင်ငွေရရှိ




MNP - မေ   ၁၈


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ထုံးဘိုပိုင်း၌ ဒေသတစ်ခု၊ ထွက်ကုန်တစ်ခုဆိုသည့်အတိုင်း မိရိုးဖလာ အိမ်တွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် ဝက်လာဖျာ ရက်လုပ်ခြင်းမှ မိသားစုနေ့စဉ် ဝင်ငွေရရှိနေကြောင်း သိရသည်။


မိရိုးဖလာ ဝက်လာဖျာရက်လုပ်ခြင်းကို မိဘဘိုးဘွားလက်ထက်ကပင် အိမ်တွင်းမှု လုပ်ငန်းတစ်ခုအနေဖြင့် ရက်လုပ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီးဖြစ်ပြီး ထိုဖျာရက်လုပ်ငန်းဖြင့်ပင် မိသားစုစားဝတ်နေရေး ဖြေရှင်း၍ရကြောင်းလည်း ဝက်လာဖျာရက်လုပ်သည့် ဒေါ်စန်းစန်းမြင့်က ပြောပါတယ် ဝက်လာဖျာတစ်ချပ် ရရှိရန်အတွက် အဓိက ကုန်ကြမ်းကတော့ ဝက်လာပင်များပဲဖြစ်ပါတယ်၊ ဝက်လာပင်ကို လယ်ကွင်းပေါ်ရှိ ကန်သင်းရိုးများနှင့် မြစ်နား၊ ချောင်းနားများရှိ ရိုးများပေါ်၌လည်း အလွယ်တကူ နှုတ်ယူရရှိနိုင်ပြီး ကိုယ်တိုင်သွားရောက် မနှုတ်ယူနိုင်လျှင် အခြားသူများကိုငှား၍ နှုတ်ခိုင်းကာ ဝယ်ယူပြီး ရက်လုပ်ရကြောင်း ဝက်လာပင်များကို နှုတ်ယူပြီး ခြောက်သွားအောင်နှင့် ဖျာရက်လို့ လွယ်ကူအောင် နှစ်ရက်သုံးရက်ခန့် နေလှန်းပေးရကြောင်းလည်း သိရသည်။


ယခုလက်ရှိ အခြေအနေတွင် သင်ဖြူးဖျာ‌ ဈေးကောင်းနေ၍ ဝက်လာဖျာကို အသုံးပြုသူ များလာကြောင်း၊ ဝက်လာဖျာကတော့ နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးလုံး အိပ်ရတာအဆင်ပြေပြီး မပူသည့်အတွက်လည်း လူကြိုက်များနေတယ်၊ လက်ရှိပေါက်ဈေးနှုန်းကတော့ တရားထိုင်ဖျာ အသေးတစ်ချပ်ကို ၂၀၀ဝိ/ ကျပ်ရပြီး တစ်ယောက်အိပ် လူကြီးဖျာတစ်ချပ်ဆိုလျှင် တစ်သောင်းနှစ်ထောင်မှ တစ်သောင်းခွဲအထိ ရရှိနေကြောင်း ဝက်လာဖျာ ရက်လုပ်ရောင်းချနေသူ၏ ပြောပြချက်အရ သိရှိရပါတယ်၊ ဝက်လာဖျာသည် ဈေးကွက်ဝင်နေပြီး နေ့စဉ် မိသားစုဝင်ငွေလည်း နေ့စဉ်ရရှိနေပါကြောင်း စီးပွားဖြစ် ဝက်လာဖျာ ရက်လုပ်ရောင်းချနေသူ ဒေါ်မြင့်မြင့်စမ်းထံမှ သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)