ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ





MNP - မေ   ၃၁


၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လားရှိုးမြို့ လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။


မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်အသင်းနှင့် သိန္နီအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဟိုပုံးမြို့နယ် အသင်းက အနိုင်ရဗိုလ်စွဲသွားပြီး အမျိုးသားပြိုင်ပွဲတွင် တောင်ကြီးမြို့နယ် အသင်းနှင့် လားရှိုးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လားရှိုးမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲကြောင်းနှင့် ပြိုင်ပွဲကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးကြသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့သော ကုမ္ပဏီများနှင့် ပြိုင်ပွဲတစ်လျောက် ကူညီဆောင်ရွက်ပေးပါသော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ (ရှမ်းမြောက်) ဦးမျိုးကျာ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်း (၂)ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆုရရှိသော တောင်ကြီးအသင်း၊ ဒုတိယဆုရရှိသော သိန္နီအသင်း၊ ပထမဆုရရှိသော ဟိုပုံးအသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးမြင့်ရွှေမှ ဆုချီးမြှင်ပေး၍ လည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆုရရှိသော နမ့်စန်(တောင်)အသင်း၊ ဒုတိယဆုရရှိသော ပင်လောင်းအသင်း၊ ပထမဆုရရှိသော ကျိုင်းတုံအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှလည်းကောင်း၊ အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲတွင် တတိယဆု ရရှိသော လွိုင်လင်အသင်း၊ ဒုတိယဆုရရှိသော ပင်လောင်းအသင်း၊ ပထမဆုရရှိသော ဟိုပုံးအသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုနှင့် ဆုဖလားများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးမှလည်းကောင်း၊ အမျိုးသား(၃)တွဲ ပြိုင်ပွဲတွင် တတိယဆုရရှိသော ရွာငံအသင်း၊ ဒုတိယဆုရရှိသော တောင်ကြီးအသင်း၊ ပထမဆုရရှိသော လားရှိုးအသင်းတို့အား ဆုတံဆိပ်ငွေသားနှင့် ဆုဖလား၊ တံခွန်စိုက်ဆုရရှိသော ပင်လောင်းအသင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုများ အသီးသီးချီးမြှင့်ပေးကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)