ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

 


MNP - မေ   ၂၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက်(၉)နာရီကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများအပြင် သူငယ်တန်းမှပဉ္စမတန်းအထိ ကျောင်းဝတ်စုံတစ်စုံတို့ကို နိုင်ငံတော်မှအခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာတွင် အသက်(၅)နှစ်အရွယ်ကလေးငယ်များကို သူငယ်တန်း (KG)နှင့် အသက်(၆)နှစ်အရွယ်ကလေးငယ်များကို(Grade-1) အတန်းတို့တွင် လက်ခံပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံရာတွင် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြစေရေး၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းမပြုရန်၊ ကျောင်းသား/ကျောင်းသူများ ကျောင်တက်မှန်ရေး၊ အိမ်စာများလုပ်ဆောင်ရေး၊ အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေး၊ ကွမ်း၊ စီးကရက်နှင့် မူးယစ်စေတတ်သည့်အရာများမသုံးစွဲစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြပြီး ကျန်းမာရေးနှင့်ညီညွှတ်စွာနေထိုင်ကာ ကိုဗစ်-၁၉ ရောဂါကြိုင်ကာကွယ်ခြင်းများ စနစ်တကျလိုက်နာကြပြီး ကာကွယ် ဆေးများသတ်မှတ်အကြိမ်ရေပြည့်မီစွာထိုးနှံရေးများကို ဆရာ၊ ဆရာမများနှင့်ပူးပေါင်းပြီးဆောင်ရွက်ပေးကြစေရေး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများနှင့်ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း (၁)ကျောင်းရှိကြောင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူပေါင်း(၂၀၀၀၈)ဦး၊ အလယ်တန်းအဆင့်တွင်(၈၁၀၉)ဦး၊ အထက်တန်းအဆင့် (၂၂၀၂) ဦး စုစုပေါင်း(၃၀၃၁၉)ဦး တက်ရောက်ပညာသင်ယူခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


သတ်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)