Pages

Pages

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်



MNP - မေ   ၂၆


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့ မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာဖြင့် စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာသို့ ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုတွင် မည်သည့်အခကြေးငွေများ ကောက်ယူခြင်းမရှိဘဲ အခမဲ့ဖြစ်သည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးစာအုပ်များကိုလည်း အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပန်းတနော်မြို့နယ်တွင် ဘကကျောင်း (၄) ကျောင်း၊ အ.မ.က(ခွဲ) (၅) ကျောင်း၊ အ.မ.က (၂၀၆) ကျောင်း၊ မူလွန် (၂၃) ကျောင်း၊ အ.လ.က(ခွဲ) (၂၀) ကျောင်း၊ အ.လ.က (၆) ကျောင်း၊ အ.ထ.က(ခွဲ) (၁၆) ကျောင်း၊ အ.ထ.က (၁၆) ကျောင်း ရှိကြောင်းသိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment